ကျောက်တံတားမြို့နယ်တွင် စာရေးသားနည်း သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်တံတား ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၁)နာရီအချိန်က လေအန်ကုန်း စာပေ ရပ်ဝန်းမှ  စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ ပူးပေါင်း၍ စာရေးသားနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ ဦးသိန်းနိုင်၊ လေအန်ကုန်း စာပေရပ်ဝန်းမှ တာဝန်ရှိသူများ စာရေးဆရာများ၊ သင်တန်းနည်းပြဆရာ စာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူ၊ သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊

သင်တန်းဆင်းပွဲ အခမ်းအနားတွင်  သင်တန်းဖြစ်မြောက်ရေးကော်မတီ နာယက ဆရာ ဇော်ထူးနိုင်(စာပေနှင့်ဂမ္ဘီရ)က အဖွင့်အမှာစကား ပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဉက္ကဋ္ဌ စာရေးဆရာမ ညွန့်ညွန့်(ကလော)နှင့် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်တို့က သင်တန်ဖွင့်လှစ်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ သင်တန်းသား မောင်ရွှေလှိုင်ထွန်းက ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းတွင် အာဟာရဒါနလှူဒါန်းသည့် အလှူရှင်များနှင့် သင်တန်းသား/ သင်တန်း သူများအား ဂုဏ်ပြု လက်မှတ်များပေးအပ်ခဲ့ကြသည်။ အဆိုပါ စာရေးသားနည်းသင်တန်းအား စာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူတို့က ဝတ္ထုရေးနည်း၊ ကဗျာရေးနည်း၊ ဆောင်းပါးရေးနည်းတို့အား  (၉-၃-၂၀၂၄) ရက်မှ စ၍ အပတ်စဉ် အင်္ဂါ နေ့နှင့် စနေ နေ့တိုင်း တစ်ပတ်လျှင် (၂)ရက်နှုန်းဖြင့် (၆-၄-၂၀၂၄)ရက်အထိ (၉)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

သဇင်(ပြန်/ဆက်)