ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကလော    ဧပြီ     ၆

အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၁ /၂၀၂၄ အခြေခံကွန်ပျူတာသင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက်  ၁၀ နာရီက အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အခြေခံလူတန်း စားများအသက်မွေးဝမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် ယနေ့ခေတ်လူငယ်လူရွယ်များ အသိပညာများအပြင်အတက် ပညာကိုပါ လက်တွေ့ကျကျအသုံးချတက်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက်ခိုင်မာလာစေရန်၊ ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်စသည်တို့ကို သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

အသင်းအဆိုပါသင်တန်းတွင်ကလောမြို့ပေါ်ရှိသင်တန်းသား/သူ ၁၀ ဦးတို့ကို ၂၀၂၄ ခုနှစ် မတ် ၁ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ ၃၅ ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)