မိုးနဲမြို့ ပါလိုင်းကျေးရွာရှိ မျက်စိဝေဒနာရှင် မိသားစုအား ဆန်နှင့်စားသောက်ဖွယ်ရာများ လှူဒါန်း

မိုးနဲ  နိုဝင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ပါလိုင်းကျေးရွာနေ မျက်စိဝေဒနာ ခံစားနေရသူ မိသားစုဝင်သုံးဦးအား စားဝတ်နေရေး အဆင်ပြေနိုင်ရန်အတွက် မိုးနဲမြို့ စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော ရွှေပိုပရဟိတအသင်းမှ ဆန်နှင့်စားသောက်ဖွယ်ရာများကို ယမန်နေ့ ညနေပိုင်းက ကျေးရွာအရောက်သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် ရွှေပိုးပရဟိတအသင်း နာယက စိန်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ ဦးခင်မောင်လွင် (ကျေးလက်ကျန်းမာရေးဌာနခွဲ) ရွှေပိုးပရဟိတအသင်း အတွင်းရေးမှူး ဦးစိုင်းပင်ဖနှင့် အဖွဲ့ဝင်များက မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆန်တစ်အိတ်နှင့် ()ပြည်၊ ကြက်ဥအလုံး ၃၀ ၊ ခေါက်ဆွဲခြောက် ၁၇၂ ထုတ် ၊စောင်/အဝတ်အထည်နှင့် စားသောက်ဖွယ်ရာပစ္စည်းမျိုးစုံ ၂၅ မျိုးကို အိမ်အရောက် သွားရောက် လှူဒါန်းခဲ့ပြီး မိသားစုဝင်သုံးဦး မျက်စိဝေဒနာခံစားနေရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ချိတ်ဆက်ကာ ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း ရွှေပိုးပရဟိတအသင်းမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)