လင်းခေးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

လင်းခေး  နိုဝင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ၂ဝ၂ဝပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ အသက်၆ဝနှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများသည် မန်နေ့တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက်ရှိ သတ်မှတ်မဲရုံများ၌ ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါမဲပေးကြရာတွင် အသက်၆ဝနှစ်အထက် မဲဆန္ဒရှင်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကြိုတင်ဆန္ဒမဲပေးခွင့်စာရင်းဝင် မဲဆန္ဒရှင်များ အသီးသီးလည်း ပါဝင်မဲပေးခဲ့ကြကြောင်း မဲရုံတာဝန်ကျသူတို့ထံမှ သိရသည်။

လင်းခေးမြို့ပေါ် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စုတို့မှ ကြိုတင်မဲပေးခဲ့ကြသူများမှာ  ဝမ်လွိုင်ရပ်မှ (၃၁၉)ဦး၊ စျေးတန်းရပ်မှ(၉၃)ဦး၊ တောင်ရွာရပ်ကွက်၌ (၄၂ဝ)ဦး၊ ရွာမကြီးအရှေ့ရပ်မှ (၉၇)ဦး၊ ရွာမကြီးအနောက်ရပ်ကွက် (၂၁၂)ဦး၊ ပင်ဟုန်းရပ်(၂ဝဝ))ဦး၊ ဝမ်မပျဉ်းရပ်(၃၅)ဦး၊ ဒါဆိပ်ကျေးရွာအုပ်စု(၃၁၂)ဦးတို့နှင့် ပုန်းထွန်ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်(၆၄ဝ)ဦးတို့က ကြိုတင်မဲလာရောက်ပေး ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)