ကမာရွတ်မြို့နယ်တွင် Mobile Market ဖြင့်လှည့်လည်ရောင်းချပေး

ကမာရွတ် နိုဝင်ဘာ ၆

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်းပြည်သူများ စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူ စားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုသည့် အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရန်ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင်အသင်းများမှ ပူးပေါင်း၍ သန့်ရှင်းလတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ် () ရပ်ကွက် မြကန်သာအိမ်ရာနှင့် နာနတ်တောလမ်း၊ မြန်မာ့အသံ ဝန်ထမ်း အိမ်ရာဝင်းတို့တွင်  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ mobile market ယာဉ်() စီး ဖြင့် စျေးကားများဖြင့်  လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ရောင်းချပေးသော စားသောက်ကုန်ပစ္စည်းများ၊ သန့်ရှင်းလတ်ဆတ်သော သား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် အသင့်ထုပ်ပိုးပြီး ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက် ကုန်ပစ္စည်း များကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် စျေးနှုန်းသက်သာစွာ ရောင်းချခဲ့ ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့(ပြန်/ဆက်)