ပြင်ဦးလွင် ဧပြီ ၅
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်၁၂နာရီက ပတ်၀န်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စုစုဇင်က ပတ်၀န်းကျင်၏အဓိပ္ပာယ်၊ ပတ်၀န်းကျင်ညစ်ညမ်းလာမှုနှင့် ပျက်စီးလာမှုနှင့်ပတ်သတ်၍ ထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)