မုဒုံ ဧပြီ ၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်း က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံချတတ်စေရန်၊ စစ်တုရင်ကစားခြင်းဖြင့် ဦးနှောက်နှင့် ကိုယ်ပိုင်ဉာဏ်ကို အသုံးပြုကာ လူငယ်များစဥ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အားကစားဝါဒနာရှင် လူငယ်လူရွယ်များ ပြိုင်ပွဲအတွေ့အကြုံကို ရရှိစေရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စစ်တုရင်ဆပ်ကော်မတီမှ ဦးထင်ကျော်က ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် လေ့ကျင့်ပျိုးထောင်ရမည့် အားကစားစိတ်ဓာတ်အကြောင်းများကို ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ စစ်တုရင်အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၄ ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများမှ စစ်တုရင်ဒိုင်းဆုနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)