သုံးခွ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် အသင့်သောက် အချိူရည် အမျိုးမျိုးနှင့် စပ်လျဥ်း၍ ကုန်အညွှန်းအမှတ်အသားပါရှိမှုရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သုံးခွမြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ အသင့်သောက် အချိုရည်အမျိုးမျိုးနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို စနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ ရေးရာ ဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)