ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမခင်စောတင့်ဘာသာပြန်ရေးသားထားသော ပျော်ရွှင်ကြရာဝယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ(Book Club)အဖွဲ့ဝင် ဦးတင်ထွန်းဦးက စာရေးဆရာအောင်ကိုဦးရေးသားသော ကတိစကားလေးတစ်ခွန်းဟူသော စာအုပ်သည်လူငယ်များအတွက် နှလုံးသားစိတ်အာဟာရအတွေးအမြင်စာစုလေးများကို စုစည်းတင်ပြထားသောစာအုပ်ဖြစ်ပါကြောင်း၊ အတွေးအမြင်သစ်များနှင့် ခံစားမှုအတွေးအခေါ်ကောင်းများစွဲထင်ကျန်ရှိမည့်ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်​ကြောင်းဆွေးနွေးရာ တက်ရောက်လာသည့်  စာပေချစ်သူများနှင့်ပြန်အလှန် ဆွေးနွေးရာစာဖတ်ဝိုင်းကျင်းပခဲ့ ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)