ဒဂုံမြောက် ဧပြီ ၅
အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော် ဘုရားကြီး၏ ဦးဆောင်မှုဖြင့် သီတဂူမျက်စိအထူးကုအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်းရှိ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များကို ၁-၄-၂၀၂၄ ရက်နေ့မှ ၅-၄-၂၀၂၄ ရက်နေ့အထိ စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးလျက်ရှိ ကြောင်းသိရသည်။
ယခုအကြိမ်မျက်စိအထူးကုအစီအစဉ်သည် စတုတ္ထအကြိမ်မျက်စိအထူးကုအစီအစဉ်မှ ကျန်ရှိခဲ့သော မျက်စိဝေဒနာရှင်(၃၅၀)ကို ဦးစားပေးခွဲစိတ်ကုသပေးလျက်ရှိပြီး ပဥ္စမအကြိမ်သီတဂူအခမဲ့မျက်စိ အလှူတော်ပထမနေ့တွင် မျက်စိဝေဒနာရှင်(၅၀)ဦး၊ ဒုတိယနေ့တွင် မျက်စိဝေဒနာရှင် လူနာပေါင်း(၈၀)ဦး၊ တတိယနေ့တွင် မျက်စိဝေဒနာရှင်လူနာပေါင်း(၆၄)ဦးတို့ကို ခွဲစိပ်ကုသပေးခဲ့ပြီး ကျန်ရှိသည့်မျက်စိဝေဒနာရှင်(၁၅၆)ဦးအား ဆက်လက်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ