လှိုင် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏လမ်းညွှန်မှုနှင့် အညီရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်နေ ပြည်သူများ အသား ငါးကုန်စိမ်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာ/သင့်တင့်သောဈေးနှုန်း ဖြင့်ဝယ်ယူစား သုံးနိုင်ရေး၊ ဈေးများသို့ သွားရောက်ရခြင်းကို လျော့ချနိုင်ရေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးကို အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့်ကုန်သည်/စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှကြီးမှူး၍ Mobile Market အားစီစဉ်ဆောင်ရွက်ခဲ့သည်။
ဈေးနှင့်ဝေး၍ အိမ်ထောင်စုများသော အိမ်ရာများအားအဓိကထား စီစဉ်ခြင်းဖြစ်ပြီး အမှတ်(၁၀)ရပ်ကွက် ကန်လမ်းရှိလှိုင်မြင့်မိုရ် အိမ်ရာတွင် ယမန်နေ့နံနက်(၇)နာရီကစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အိမ်ရာကော်မတီတို့ နှင့်ပူးပေါင်း၍ ကြိုတင်နှိုးဆော်ခြင်း၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီလိုက်နာစေရေးအတွက်ရပ် ကွက်တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ မြေပြင်လိုအပ်ချက်အပေါ်မူတည်၍နေရာ ထပ်တိုးခြင်း၊ ရက်သတ်မှတ်ခြင်းများလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
လှိုင်မြို့နယ်အမှတ်(၁၀)ရပ် ကွက်လှိုင်မြင့်မိုရ်အိမ်ရာတွင် Mobile Market အားနံနက်(၇)နာရီ မှ(၁၀)နာရီ အထိဈေးကား(၈)စီးဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ရောင်းသူ၊ ဝယ်သူများအားSocial Distancing နှင့်အညီစနစ် တကျဖြစ်စေရန်နှင့် Mask များစနစ် တကျတပ်ဆင်ကြစေရန်၊ စနစ်တကျလက်ဆေးကြရန် မြို့နယ်စည်ပင်သာ ယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အိမ်ရာကော်မတီတို့ကပူးပေါင်းကြပ် မတ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အိမ်ရှင်မများကယင်းအိမ်ရာများသို့ တစ်ပတ်လျှင်(၁)ရက်ပုံမှန် ရက်သတ်မှတ်၍ လာရောက်ရောင်း ချပေးပါရန်တောင်းဆိုခဲ့ကြကြောင်းသိရှိရပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)