ခိုလမ်မြို့တွင် ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မှုမပြု‌ရေး လူထုအသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် ဧပြီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မှုမပြု‌ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခိုအွတ်ကျေးရွာအုပ်စု၊ ကောင်းဟောင်ကျေးရွာတွင် ကျင်းပခဲ့သည်။

အဆိုပါ လူထုအသိပညာပေးဟောပြောပွဲတွင် လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းအောင်မှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ ရေချွေတာသုံးစွဲရေးနှင့် ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှုမပြုရေး၊ လွိုင်လင်ခရိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌ကျော်မိုးမှ မီးခိုမြူ‌ငွေ့ညစ်ညမ်းမှု၏ဆိုးကျိုးများ၊ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦီးဇင်မင်းဦးမှ Fire hotspot နှင့် နယ်စပ်ဖြတ်‌ကျော် မီးခိုမြူ‌ငွေ့ဖြစ်ပေါ်မှုအကြောင်းအရင်းများ၊ မီး‌ဘေးအန္တရာယ် တားဆီးကာကွယ်ခြင်း၊ ငြိမ်းသတ်ခြင်း၊ ပြန်လည်ထူ‌ထောင်ခြင်းဆိုင်ရာလုပ်ငန်းများ၊ မြို့နယ်ခွဲစည်ပင်သာယာ‌ရေးဌာနမှ ဦးစီးမှူး ဦးကျော်မင်းထွန်းမှ ပလတ်စတစ် အသုံးပြုမှုလျော့ချခြင်းစသည့်အကြောင်းအရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာ‌ပေးပြောကြားခဲ့ပြီး ပြည်သူများမှ သိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)