မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Youth Club အသင်းဝင် များဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မချမ်းဘော ဧပြီ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် လူငယ်များစာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  Youth Club အသင်းဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၂နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာရေးဆရာ ဒေါင်တာခင်မောင်ညိုရေးသားထားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ပါမှားမှာကို မကြောက်ပါနှင့်ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်၍ Youth Club အသင်းဝင် မောင်ချင်လိုင်ဖုန်းဖုန်က လူငယ်နှင့် အောင်မြင်ခြင်း အတွက် တည်ဆောက်ယူခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ Youth Club အသင်းဝင် မနန်ပန်က လူငယ်နှင့်စူးစမ်းလေ့လာမှုများခေါင်းစဥ်ဖြင့် လည်းကောင်း၊ အသင်းဝင် မငွားမာလေးက လူငယ်နှင့် တာဝန်သိမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသင်းဝင် မထိန်လုနန်အောင်က လူငယ်နှင့်အမြင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသင်းဝင် မောင်မျိုးအောင်ဆားရ်က လူငယ်နှင့် တက္ကနိုလိုဂျီ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး Youth Club အသင်းဝင်များ ၏ ဆွေးနွေးမှုများအပေါ် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာကြသော Youth Club အသင်းဝင်များက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ 

ယောရွှေနီ(မချမ်းဘော)