မိုင်းတုံ ဧပြီ ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က မြို့ပေါ်ရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာပြောတက်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်တက်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည် ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ကျောင်းသား/ကျောင်းသူများမှာ မြို့ပေါ်ရပ်ကွက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ပြန်ဆက်)