ဗိုလ်တထောင်ခရိုင်မြို့၌ ပြည်သူ့စစ်ထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေး ဟောပြောဆောင်ရွက်

ဗိုလ်တထောင် ဧပြီ ၅

ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ဧပြီလ(၂)ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်သည်။

ဟောပြောပွဲတွင် ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များ၊ စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း၏ အကြောင်းရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အချိန်ကာလတို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည်များ၊ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများကို မယုံကြည်ကြရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်များနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှိပါကလည်း ဆွေးနွေးမေးမြန်းနိုင်ကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်(၅)မြို့နယ်မှ  စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများ စုစုပေါင်း (၅၀)ဦးကျော် တက်ရောက်ရာ တက်ရောက်လာသူများကို ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်း(ပြန်/ဆက်)