ကျိုင်းလပ်မြို့ Community Centre ခန်းမ၌ “စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျိုင်းလပ် ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီက စာရေးဆရာအောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့်ပြသနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့ဝင် ဦးဟိန်းဇော် ဦးဆောင်၍ “ရည်မှန်းချက်နှင့်ပြသနာအထွေထွေ”စာအုပ်၌ ပါရှိသော ရည်မှန်းချက်နဲ့ယုံကြည်မှု ကွာခြားချက်၊ ယုံကြည်မှု ခိုင်မြဲစေမည့် အကြောင်းတရားများ၊ ရည်မှန်းချက်ဟူသည် ဝါသနာဗီဇတို့အပေါ် မူတည်ကြောင်းတို့ကို ဦးဆောင် ဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင် ဒေါ်ခင်စောက မိမိရဲ့ရည်မှန်းချက် အောင်မြင်ပြီးမြောက်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ လုပ်ဆောင်ရတာတွေ ကိုယ့်ယုံကြည်ချက်၊ ခံယူချက် သဘောတရားတွေနဲ့ မကိုက်ညီတဲ့အခါ အဲ့ဒီသဘောတရားတွေက သွေဖယ်ပြီး လုပ်ဆောင်သင့်သလား၊ ခံယူချက် သဘောတရားကို ပြောင်းလဲသင့်သလားစသော အမေးအဖြေများဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို  အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံစာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြပြီး ပြည်သူများ အနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှု့လေ့လာခြင်းစသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ (Book Club) အဖွဲ့ဝင်များဖြင့် လစဉ် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်( ပြန်/ဆက်)