ရမည်းသင်း ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန်အတွက် ကျောင်း သား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား လူငယ်များစာပေ ဖတ်ရှုခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူး များ၊စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေရန်တို့ကို ဆွေးနွေးပြောကြားကာ အားလပ်ချိန်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာပေကောင်းများ လာရောက်ဖတ်ရှု လေ့လာကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မောင်ခင်မင်း (ဓနုဖြူ) ရေးသားသည့် လူငယ်နှင့်ပညာဆိုင်ရာ စာစုဝတ္ထုတိုး စာအုပ်မှ "အမွေခံ တစ်ယောက် အမွေပေးသူ တစ်ရာ "ဆောင်းပါးကို ခရိုင်ဦးစီးမှူးနှင့် Book Club အသင်းဥက္ကဋ္ဌ ဦးမျိုးလွင်တို့က ဦးဆောင်ဖတ်ကြားပြီး အမှတ်(၅)အခြေခံပညာ အထက် တန်းကျောင်း Grade-7 ကျောင်းသူမထက်မှူးနိုင်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ Grade-8 ကျောင်းသား မောင်ထက်ဝေဟင်နှင့် တပ်တွင်းကျောင်း Grade -6 ကျောင်းသူ မသော်တာငွေစင်တို့က မိမိမှတ်မိသလို ပြန်လည်ဆွေးနွေးပြောကြားပြီးရာကျောင်းသား၊ကျောင်သူများမှ အသိ အမြင်ခြင်းဖလှယ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)