မိုးနဲမြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မိုးနဲ မတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဥယျာဉ်ရပ်ကွက်ရှိ ဥယျာဉ်ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံနေရာတွင် ဒုတိယနေ့အဖြစ် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိ အခြေပြု မူလတန်း  ၃၀ ပါး၊ ပထမငယ်တန်း ၁၃ ပါး၊ ပထမလတ်တန်း ၂၆ ပါး ၊ ပထမကြီးတန်း ၇ ပါး၊ စုစုပေါင်း သံဃာတော် ၇၆ ပါးအနက် ယနေ့ဝင်ရောက်ဖြေဆိုသူသံဃာတော် ၅၃ ပါးရှိပြီး စာဖြေပျက်ကွက် ၂၃ ပါးရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အလှူရှင်များက စာဖြေသံဃာတော်များအား နေ့စဉ် ဆွမ်း၊ ဘောဇဉ်အာဟာရများ ဆက်ကပ်လှုဒါန်းလျက်ရှိပြီး၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို  ဧပြီ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအချိန်ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ကြက်‌ခြေနီအသင်းဝင်များက စာဖြေသံဃာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)