ချမ်းအေးသာစံ ဧပြီ ၄
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာရေးဆရာ စိုင်းအောင်မိုင်း (မိုတိုင်း)ရေးသားသည့် "အက္ခရာတင်ခြင်းနှင့် သင်္ဂါယနာတင်ခြင်းတို့အား အမှတ်မှား အမှားများခြင်း " ဆောင်းပါးအား ရေးသူဖတ်သူ စာဖတ်ဝိုင်းအဖြစ် ဧပြီလ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ စိုင်းအောင်မိန်း(မိုတိုင်း)ရေးသားခဲ့သော "အက္ခရာတင်ခြင်းနှင့် သင်္ဂါယနာတင်ခြင်းတို့အား အမှတ်မှား အမှားများခြင်း "ဆောင်းပါးအား စာရေးသူကိုယ်တိုင် ဖတ်ကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများဖြစ်သည့် ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မောင်သန်း(မဟာဝိဇ္ဇာ)၊ မောင်မြဝေ(ယောမင်းကြီး)၊ မောင်မင်းမူ (ပံသုကျီ)၊ စောနန်းမြေအောင်၊ စိုးစင်း(ဆသရ)၊ ကိုရင်ကျော်၊ အိုးဝေ (မြေနီကျင်း)၊ သျှန်ဌေး (ဗုဒ္ဓစာပန်းချီ)တို့က “အက္ခရာတင်ခြင်းနှင့် သင်္ဂါယနာတင်ခြင်းတို့အား အမှတ်မှား အမှားများခြင်း” ဆောင်းပါးအား လွတ်လွတ်လပ်လပ် ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်