တပ်ကုန်းမြို့နယ်၌ ရှေးဦးပြုစုနည်းအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြား

တပ်ကုန်း ဧပြီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုနည်းအခြေခံသင်တန်း(၃/၂၀၂၃) ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။

အဆိုပါသင်တန်းသို့ မူကြိုကျောင်းများမှ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၄ ဦး တက်ရောက်ကြပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဒေါ်မြင့်မြင့်ကြည်၊ အရာခံဗိုလ် ဒေါ်နုနုစန်းတို့က သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီအခြေခံမူခုနှစ်ချက်၊ ရှေးဦးပြုစုနည်း၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်း၊ ရုတ်တရက် အသက်ဆို့နစ်ခြင်းပြုစုနည်း စသည့်ပညာရပ်များအား ဧပြီ ၃ ရက်မှ ၇ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပြီး၊ အလားတူ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပညာရေးမှူး ရုံးနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုနည်းအခြေခံသင်တန်း (၂/၂၀၂၃)ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၀ ဦး တက်ရောက်ပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှတပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေ၊ တပ်စုမှူး ဒေါ်ခင်မေနိုင်းတို့က ကြက်ခြေနီပညာရပ်များ သင်ကြားကြောင်း သိရသည်။

တင်စိုးလွင်