လွိုင်လင်တွင် (၂၀)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲ ကျင်းပ

လွိုင်လင် ဧပြီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် (၂၀)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကို အောင်မင်္ဂလာအနောက်ကျောင်းတိုက်၌ ယမန်နေ့တွင် ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ ကြီးကြပ်ဆရာတော်များနှင့် စာဖြေကြမည့်သံဃာများကို နံနက်(၁၀:၃၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်ပြီး မွန်းတည့်(၁၂)နာရီတွင် ပထမနေ့ဘာသာရပ်အဖြစ် ဝိနည်းကျင့်ဝတ် သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒဘာသာရပ်စာရင်းရှိ ပထမကြီးတန်းတွင်(၃)ပါး၊ ပထမလတ်တန်းတွင် (၁)ပါး၊ ပထမငယ်တန်းတွင်(၃)ပါးနှင့် အခြေပြုမူလတန်းတွင်(၅၆)ပါး၊ စုစုပေါင်း(၆၃)ပါး ဖြေဆိုကြပြီး ကြီးကြပ်ဆရာတော်(၁၁)ပါးတို့ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။

လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)