လယ်ဝေး ဧပြီ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတွင် စတင်ဖြေဆိုသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းတွင် သံဃာတော်နှင့် သီလရှင် ၃၃ ပါး၊ လူပုဂ္ဂိုလ်တစ်ဦး၊ ပထမလတ်တန်းတွင် ၂၈ ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး၊ ပထမငယ်တန်းတွင် ၉၂ ပါးနှင့် အခြေပြုမူလတန်းတွင် ၁၄၉ ပါး စုစုပေါင်း ၃၀၄ ပါး ဝင်ရောက်ဖြေဆိုပြီး ဧပြီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)