ကွန်ဟိန်းမြို့၊ မေတ္တာမွန်မူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း ဧပြီ ၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ မေတ္တာမွန်မူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲအား ယနေ့ နံနက် (၁၀) နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်က ကလေးငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်အတွက်  ရုပ်ပုံပြ၊ ပုံပြင်ပြောခြင်းအား ဆောင်ရွက်ခဲ့ပြီး  ကလေးငယ်များအား စိတ် ကြိုက်ဆေးရောင်ခြယ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဟောပြောပွဲနှင့် ဆေးရောင်ခြယ်ခြင်းအား ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗသုသုတများ တိုးပွါးလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)