ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေးသင်တန်း ကျင်းပ

ဥတ္တရသီရိ ဧပြီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးရေးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး Mobile Phone အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်​ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်က ကြီးကြပ်၍ ကွင်းဝန်ထမ်း ၈ ဦးတက်ရောက်ပြီး၊ သင်တန်းတွင် Mobile phone ဖြင့် အသုံးပြုခြင်း၊ ဈေးကွက် DOA Website သတင်းအချက်အလက်များနှင့် စိုက်ပျိုးနည်းပညာများရယူခြင်းနည်းလမ်းများနှင့် အခြား ICT ဆိုင်ရာ အထွေထွေဗဟုသုတများအား သင်ကြားပေးကာ တောင်သူအသိပညာပေးစင်တာများတွင်လည်း ကျေးလက်စိုက်ပျိုးရေးတောင်သူများအား ဆင့်ပွားသင်တန်းများ ဆက်လက်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)