အောင်လံ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (၂)ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး “မနီပြုံးနိုင်ပြီ” Video click ကို Projector ဖြင့်ပြသခဲ့ကြောင်း သိရသည်။ ထို့နောက် နည်းပြများနှင့် တိုင်းဒေသကြီးအဆင့် သင်တန်းသား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်သည့် ထောက်ပံ့ကြေးငွေအား ခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၃၅)ဦး၊ နည်းပြ (၃)ဦးဖြင့် သင်တန်းကာလ ဧပြီလ (၂)ရက်နေ့မှ (၄)ရက်နေ့ထိ ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)