ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များတွေ့ဆုံ

တံတားဦးနိုဝင်ဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်သည် ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ တွေ့ဆုံဆွေးနွေး ကြောင်း သိရသည်

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးဝင်းအောင်က တံတားဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးညွန့်က ကြိုတင်မဲပေးနေမှုများ မဲရုံပြင်ဆင် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များ တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်