တိုက်ကြီး နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၌ ပြည်သူများ သွားရေး လာရေး အဆင်ပြေချောမွေ့စေရန်၊ လူနေမှုဘဝမြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမျိုးထိုက်ဝင်း နှင့် တာဝန်ခံအင်ဂျင်နီယာများ ပါဝင်သော အဖွဲ့သည် တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် အောင်မင်္ဂလာ(၉)လမ်းတွင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် အကောင်အ ထည်ဖော်ဆောင်ရွက်သည့် လမ်းအရှည်(၄၆၀)ပေ (၁၂' x ၉'' )ကျယ်ဝန်းသော မြေသားလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လမ်းအောက်ခံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
တိုက်ကြီးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)