တန့်ယန်း ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၁၃၈၅ - ခုနှစ်မှ ၁၃၈၆ - ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များနှင့် မြို့နယ်ဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကြီးကို သင်္ကြန်အကြိုနေ့မှ စတင်၍ အတက်နေ့အထိ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များဖြင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်များတို့မှ ယိမ်းအကအဖွဲ့များက နေ့စဉ် ပျော်ရွှင်စွာ ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)