နွားထိုးကြီး၊ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့အမှတ်(၃)ရပ်ကွက်၊ မဲရုံ(၁)တွင်နိုဝင်ဘာ၄ရက်နေ့အထိ အသက်(၆၀)နှစ်နှင့် အထက်ကြိုတင် ဆန္ဒမဲလာရောက်ပေးသူ(၈၁)ဦးရှိပြီဖြစ်ကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
အဆိုပါအမှတ်(၃)ရပ်ကွက်၊ မဲရုံ(၁)တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း(၆၁၅)ဦးရှိပြီး အသက်(၆၀)နှစ်နှင့် အထက်ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၆၀)ဦးရှိရာ နိုဝင်ဘာ၄ရက်နေ့အထိ အသက်(၆၀)နှစ်နှင့် အထက်ကြိုတင် ဆန္ဒမဲပေးပြီးသူ(၈၁)ဦးလာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးသူများအနေဖြင့် နိုဝင်ဘာ၅ရက်နေ့အထိကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင် လာရောက်ပေးနိုင်ပြီးကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာ ရောက်ပေးရန် ခက်ခဲပါကရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့သတင်းပေးပို့လျှင် နေအိမ်တွင်ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
နိုင်လင်း(ပြန်/ဆက်)