ကွန်ဟိန်းမြို့၊ အ.ထ.ကကျောင်း၌ လူငယ်ကင်းထောက်သင်တန်း ကျင်းပ

ကွန်ဟိန်း ဧပြီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ကင်းထောက်သင်တန်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်များ အများအကျိုးသယ်ပိုးလိုစိတ်များ ဖြစ်ပေါ်စေရန်၊ အားကျိုးမာန်တက် ဝိုင်းဝန်းကူညီတက်စေရန်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ အဆိုပါကင်းထောက်သင်တန်းအား ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းနည်းပြ(၆)ဦးမှ သင်တန်းပို့ချသွားမည်ပြီး သင်တန်းသား ၂၄ ဦး၊ သင်တန်းသူ ၄၀ ဦး၊ စုစုပေါင်း ၆၄ ဦး တက်ရောက်သွားမည်ဖြစ်ပါသည်။

အဆိုပါ သင်တန်းအား(၁-၄-၂၀၂၄)ရက်နေ့မှ (၅-၄-၂၀၂၄)ရက်နေ့အထိ (၅)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)