တန့်ယန်းမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ စံပြကွက်(IHTDV) မိုးစပါး စံကွက်ရိတ်သိမ်း

တန့်ယန်း  နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ စံပြကွက်(IHTDV) အထွက်ကောင်းစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက ဒေသခံတောင်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကွက်ကို အမှတ်()ရပ်ကွက်တွင် တောင်သူ (၂၄)ဦးက လယ်မြေ (၅၃) ဧကအား စိုက်ပျိုးခဲ့ကြရာ စံပြကွက် အထွက်ကောင်း မိုးစပါးမျိုး စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးနှင့် ဝန်ထမ်းများ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်းကာ အမှတ်()ရပ်ကွက် တောင်သူ ဦးအိုက်ကတ်၏ လယ်မြေ မိုးစပါးခင်းတွင် စံကွက်ရိတ်သိမ်းရာ အစိုထွက် ၁၄၁. ၈၀ တင်း ထွက်ရှိကြောင်း သိရသည်။

                                                                                                                    မင်းလွင်ဦး(ပြန်/ဆက်)