ကျောက်ပန်းတောင်း နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး၌ အသုံးပြုမည့် မဲလက်မှတ်များကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် ရဲတပ်ဖွဲ့စခန်း ဓမ္မာရုံတွင် ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၌ ဝင်ရောက် အရွေးချယ်ခံမည့် ပါတီများ၏ ကိုယ်စားလှယ်လောင်းအမည် ပါရှိသည့် မဲလက်မှတ် များ မှန်ကန်မှု ရှိ/မရှိ၊ မဲလက်မှတ်အုပ်ရေ မှန်ကန်မှု ရှိ၊ မရှိနှင့် ဆုတ်ပြဲမှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး အဆိုပါ ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝမ်းတင်၊ အဖွဲ့ဝင် ဦးဌေးအောင်၊ ဦးတင်ဌေးနှင့် မြို့နယ်စာရင်းစစ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်း များ၊ စုစုပေါင်းအင်အား (၂၅) ဦးဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး၊ အမျိုးသားလွှတ်တော်၊ ပြည့်သူ့လွှတ်တော်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မဲလက်မှတ်အုပ်ရေနှင့် မဲဆန္ဒနယ် အမှတ်(၂)အတွက် အုပ်ရေတို့ကိုဖွင့်ဖောက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရပြီး၊ အဆိုပါ စစ်ဆေးပြီး မဲစာအုပ်များကို နိုဝင်ဘာ (၆) ရက်နေ့တွင် မြို့နယ်ခွဲအလိုက် ခွဲဝေ၍ ကျေးရွာအုပ်စုများထံ ဖြန်ခွဲပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)