ပင်လုံမြို့တွင် နာမကျန်းသက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်

ပင်လုံ  နိုဝင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆန္ဒမဲ လာရောက်မပေးနိုင်သူများအား နိုဝင်ဘာလ ရက်နေ့ နေ့လယ် () နာရီအချိန်ခန့်က ရပ်ကွက်များအတွင်းသို့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ()ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆ဝ)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီးတွင် မဲရုံတာဝန်ထမ်းဆောင် မည့်သူများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံတွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ ကြိုတင် ဆန္ဒမဲပေးနေကြခြင်းဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ မလာရောက်နိုင်သည့် သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများအား ဆန္ဒမဲပေးမည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် နိုဝင်ဘာလ()ရက်နေ့မှစတင်၍ ယနေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ