ကျိုက်မ​ရောမြို့နယ်တွင် ​တောင်သူများအားစိုက်ပျိုး​ရေးသွင်းအားစုပစ္စည်းများနှင့် ကျန်းမာ​ရေး သုံး ပစ္စည်းများ​ထောက်ပံ့

ကျိုက်မ​ရော  နိုဝင်ဘာ     ၅


မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်တွင်  ၂၀၁၉ခုနှစ်အတွင်း      သဘာဝ​ဘေးအန္တရာယ် ​ရေကြီးနစ်မြှုပ်မှု ​ကြောင့်ပျက်စီးခဲ့​သော စိုက်ပျိုးသီးနှံပင်များ၊ ထိခိုက်ခဲ့​သော ​တောင်သူအိမ်​ထောင်စုများအား ကိုဗစ်-၁၉ ​ရောဂါကာလအတွင်းစီးပွား​ရေး အဆင်​ပြေ​စေရန်အတွက် ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုး​ရေးအဖွဲ့(FAO)မှ စိုက်ပျိုး ​ရေးသွင်းအားစုပစ္စည်းများနှင့် ကျန်းမာ​ရေးသုံးပစ္စည်းများ​ထောက်ပံ့​ပေးအပ်ပွဲကို ယမန်​နေ့​နေ့လည်  ၁နာရီက ​ကော့က​လော့​ကျေးရွာ၌ပြုလုပ်ခဲ့သည်။
အဆိုပါ စိုက်ပျိုး​ရေးသွင်းအားစုပစ္စည်းများ​ပေးအပ်ရာတွင် စပါးစိုက်တောင်သူများအား အိမ်​ထောင်စုတစ်စုလျှင် မျိုးစပါး ၂၀ကီလိုဂရမ်တစ်အိတ်၊​မြေသြဇာ ၂၀ကီလိုဂရမ်တစ်အိတ်၊
ကိုဗစ်-၁၉ ​​ရောဂါကြိုတင်​ကာကွယ်​ရေးအတွက်လိုအပ်​သော ဆပ်ပြာရည်၊ နှာ​ခေါင်းစည်း mask များကိုမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်း​ထောက်ပံ့​ပေးခဲ​ကြောင်း သိရသည်။
ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ခုနှစ်​ အောက်တိုဘာလအတွင်း​ ​ကျေးရွာအုပ်စု ၃၁အုပ်စုတွင် အိမ်​ထောင်စု​ပေါင်း (၂၀၀၀)ခန့်ကို ​ထောက်ပံ့​ပေးအပ်ထားပြီးဖြစ်​ကြောင်း မြို့နယ် စိုက်ပျိုး​ရေးဦးစီး ဌာနရုံးမှသိရသည်။
ချိုချို (ပြန်/ဆက်)