ကျိုက်မ​ရောမြို့နယ် ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲ ရုံးများရှိကြိုတင်မဲ​ပေး​နေမှုများအား ကြည့်ရှုစစ်​ဆေး

ကျိုက်မရော  နိုဝင်ဘာ     ၅

၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀နှစ်နှင့်အထက်ကြိုတင်ဆန္ဒမဲပေးနေကြသည့် မဲရုံများသို့ မွန် ပြည်နယ် ကျန်းမာရေးဦးစီးဌာန ၊ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာထွန်းအောင်ကြည် နှင့် တာဝန်ရှိသူများက ယမန်နေ့ညနေ၃နာရီကရှင်စောပုရပ်ကွက်ရှိမဲရုံ များသို့ လှည့်လည် ကြည့်ရှု          စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးကြည့်ရှုရာတွင် မဲရုံများ၌ အသက်၆၀နှစ်နှင့်အထက်ကြိုတင်ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များကိုစနစ်တကျလိုက်နာရန်နှင့်မဲရုံအတွင်းသို့      မဝင်ရောက်မှီလက်ကို စနစ် တကျဆေးရန်၊ မဲပေးပြီးမဲရုံမှပြန်လည်ထွက် လာသည့်အခါတွင်လည်းလက်ကို ထပ်မံဆေးကြော ပါမှ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကာကွယ် နိုင်မှာဖြစ်တယ်လို့ ကျန်းမာရေး ဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဒေါက်တာထွန်းအောင်ကြည်ကပြောပါတယ် ရပ်ကွက်​/ကျေးရွာအုပ်စုများတွင် မဲရုံ()ရုံကို မဲပုံး ၁ပုံးနှုန်းဖြင့်ကြိုတင် မဲပုံးများဖြင့် ချပေးထားပြီး ရရှိလာသောမဲလက်မှတ်များကိုပါတီ ကိုယ်စား လှယ်၊ မဲရုံကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ကြိုတင်မဲပုံးအားချိတ်ပိတ်၍   စနစ်တကျ လုံခြုံစွာ သိမ်းဆည်းထားကြောင်းရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံမှသိရသည်။
ကျိုက်မရော မြို့နယ်တွင်ကြိုတင်မဲပေးခွင့်ရှိသူ(၂၁၄၄၆)ဦးရှိသည့်အနက် နိုဝင်ဘာ၄ရက်နေ့ထိ မဲရုံများသို့ကိုယ်တိုင်ဆန္ဒပြုသူနှင့် အိမ်တိုင်ရာရောက်ကြိုတင်မဲသွားရောက်ကောက်ခံသူ စုစုပေါင်းမှာ(၁၉၄၄၅)ဦးထိရှိပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
          

ချိုချို(ပြန်/ဆက်)