ကလော နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာနရှိ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရေး အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့် က ကလောမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံဖြန့်ဝေပေးခြင်းဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ ဝန်ထမ်းများက ကလောမြို့ပေါ်ရှိ ရပ်ကွက် (၈) နှင့် ရပ်ကွက် (၉) တို့ ရှိ ပြည်သူများထံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ "မိမိကစ၍ကာကွယ်ပါ" လက်ကမ်းစာစောင်များ၊ "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ပိုစတာများ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လူအများနှင့်ထိတွေ့မှု ကိုတတ်နိုင်သမျှ လျှော့ချဖို့က အဓိကအကျဆုံးဖြစ်သည့် ကူးစက် ပြန်နှံ့နိုင်ခြေအချက်များ၊ ရောဂါ ကာကွယ်သည့်နည်းလမ်းများ၊ ဆောင်ရန် /ရှောင်ရန်နှင့် လိုက်နာရမည့် အချက်များ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ နှင့် ပိုစတာများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း (ပြန်/ဆက်)