လယ်ဝေး မတ် ၃၁
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်းမှ မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းဆောင်ကြမည့်သူများအား ယမန်နေ့ နံနက်ပိုင်းက လာရောက်တွေ့ဆုံသည်။
နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်းမှ မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းမည့်သူများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကာ နေပြည်တော်ကောင်စီ၏ ထောက်ပံ့ငွေများအား တစ်ဦးချင်း ပေးအပ်သည်။ ထို့နောက် သတ်မှတ်သည့် လိုအပ်ချက်များအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)