ရွှေပြည်သာ မတ် ၃၀
ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁) ကော်မတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း၏ အကြောင်းရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အချိန်ကာလတို့ကို ရှင်းလင်းဆွေးနွေး၍ မြို့နယ်လဝကဦးစီးမှူး ဦးသောင်းမိုးနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်ဇော်တို့မှ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည်များ၊ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများကို မယုံကြည်ကြရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်များနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါကလည်း ဆွေးနွေးမေးမြန်းနိုင်ကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ စက်မှုဇုန်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်/တာဝန်ခံများနှင့် စက်ရုံအလုပ်သမားများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ရာ တက်ရောက်လာသူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အေးမိုး(ပြန်/ဆက် )