ရွှေပြည်သာမြို့နယ်၌ ‌နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

ရွှေပြည်သာ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်‌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း)ကျေးရွာကွင်းအမှတ်(၂၈၃)တောင်သူဦး‌သန်းလွင်၏ Drum seeder ဖြင့် စိုက်ပျိုးထား‌သောစိုက်ကွက်(၁၀)ဧကတွင်‌ GW-11 စပါးအမျိုးအစားအားရိတ်သိမ်းခဲ့ကြောင်း သိရသည်။

နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးညွန့်၊ မြို့နယ်စီမံကိန်းဦးစီးမှူးဒေါ်နွယ်နီအေး၊ မြေစာရင်းဦးစီးဌာနမှဦးစီးအရာရှိ‌ဦးကျော်ဝင်း၊ ဌာနဆိုင်ရာများ၊ အမှတ်(၂၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် GW-11 စပါးအမျိုးအစားအား Drum Seeder ဖြင့် စိုက်ပျိုးခဲ့ပြီး (၁)ဧကလျှင်အစိုထွက်နှုန်း (၁၂၅)တင်းအခြောက်ထွက်နှုန်း (၁)ဧကလျှင်(၁၂၂)တင်းထွက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)