အလုံ မတ်လ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီခရာတေးသင်တန်ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ နှင်းဆီလမ်းရှိ အလုံမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်စိုးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းမှူး ရဲမှူး အောင်ကျော်ကျော်က သင်တန်းနည်းပြဆရာအား ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပါသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်ဆု ဆုရရှိသူ (၁၈)ဦးကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရှိရပြီး အဆိုပါသင်တန်းကို မတ်လ ၁ ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ သင်တန်းသား (၁၀၆)ဦးဖြင့် (၁)ကြာ ဖွင့်လှစ်သင်ကြားခဲ့ပေးကြောင်း သိရှိရသည်။
တင်ဆက်ချို (ပြန်/ဆက်)