ရွှေပြည်သာ မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် တိုက်ကွမ်ဒိုအသင်းမှ ကြီးမှူး၍ ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကွမ်ဒိုကလပ်အသင်းများအား ဖိတ်ခေါ်၍ တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရွှေပြည်သာမြို့နယ်အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနား ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်မှ အဖွင့်အမှာစကား ပြောကြားပြီး တိုက်ကွမ်ဒိုအားကစားသမားများက စုပေါင်းသရုပ်ပြသကြသည်။
တိုက်ကွမ်ဒိုဖိတ်ခေါ်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကွမ်ဒိုကလပ်အသင်းပေါင်း (၁၉)သင်း အားကစားသမားပေါင်း(၆၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအား မတ်လ (၂၉) ရက်နေ့မှ (၃၁)ရက်နေ့အထိ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုက်ကွမ်ဒို ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလပ်အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ၊ အားကစားသမားများနှင့် မိဘညီကိုမောင်နှမများ တက်ရောက်ကြသည်။
နေမျိုးထွန်း(ပြန်/ဆက်)