တွံတေးမြို့နယ်၌ မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲဆက်လက်ပို့ချ

တွံတေး မတ် ၂၉

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)တွံတေးနှင့် အ.ထ.က(၂)တို့တွင် သင်တန်းများအား ဆက်လက်ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရာတွင် အ.ထ.က(၁)တွံတေးတွင် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ဆရာ(၁၄၇)ဦး၊ ဆရာမ(၆၄၂)ဦး စုစုပေါင်း(၇၈၉)ဦး၊ သင်တန်းနည်းပြဆရာ၊ ဆရာမ(၅၄)ဦးမှ  မတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အ.ထ.က(၂)၌အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို သင်တန်းနည်းပြ(၄၀)ဦးမှ အလယ်တန်းအဆင့်သင် ဆရာ(၁၅)ဦး၊ ဆရာမ(၂၉၉)ဦး စုစုပေါင်း(၃၁၄)ဦးကို နည်းပြဆရာ၊ ဆရာမ(၂၄)ဦးတို့က ဆက်လက်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲကို အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်နှင့် သင်ကြားမှုလုပ်ငန်းပိုင်းဆိုင်ရာများ အရည်အသွေးတိုးတက်မြင့်မားစေရန်ရည်ရွယ်၍  ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တွံတေးသား