ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

ခရမ်း မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်‌စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့်အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သင်တန်းဆင်းပွဲတွင် ထူးချွန်သည့်သူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများရရှိစေရန်အတွက် ပြပွဲ၊ ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား (၂၂-၃-၂၀၂၄) ရက်နေ့မှ (၂၈-၃-၂၀၂၄) ရက်နေ့အထိ (၇) ရက်ကြာ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကိုမင်း