မင်္ဂလာတောင်ညွန့် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (Book Club)စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် “လူငယ်များကိုပျိုးထောင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားဆွေးနွေခဲ့ပြီး (Book Club)အဖွဲ့၀င်ဉီးဝေယံဖြိုးက ‘'လူငယ်များကိုပျိုးထောင်ပါ''နှင့် "လူငယ်နှင့်အချိန်၏တန်ဖိုး'' ခေါင်းစဉ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့်အသိပညာပေးဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)