မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက် စေတနာရှင်အသင်းမှ ကြက်ခြေနီဝတ်စုံများ လှူဒါန်း

မြောက်ဥက္ကလာပ    နိုဝင်ဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ ()ရပ်ကွက် စေတနာရှင် အသင်းမှ ကြက်ခြေနီတပ်ဖွဲ့အတွက် လိုအပ်လျက်ရှိသည့် ကြက်ခြေနီဝတ်စုံများကို ယနေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ()ရပ်ကွက် စေတနာရှင်အသင်းဥက္ကဋ္ဌ ဦးမောင်ဌေးနှင့် အသင်းဝင် များက ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တူညီဝတ်စုံများဖြင့် ဆောင်ရွက်နိုင်ရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အား ငွေကျပ် (၂၅၀,၀၀၀) တန်ဖိုးရှိ ကြက်ခြေနီဝတ်စုံ (၁၀)စုံကို လှူဒါန်းရာ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လက်ခံရ ယူခဲ့ပြီး စေတနာရှင်အသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။

မြမြဝင်း(ဦးစီးမှူး)