လက်ပံတန်း နိုဝင်ဘာ ၅
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများအတွင်း ဆန္ဒမဲပေးနိုင်ရန်အတွက် လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့က မဲရုံ(၁၇၆)အား ထုတ်ပေးဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်ဌေးနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာပေါင်း (၅၃)အုပ်စုရှိ မဲဆန္ဒနယ်များမှ မဲရုံပေါင်း (၁၇၆) ရုံအတွက် မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ ကျေးရွာရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အထူးရဲများထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး