နွေရာသီကျောင်းပိတ်ရက်များတွင် ပြည်သူ့စာကြည့်တိုက်၌ စာပေဖတ်ရှုသူ ယခင်ကထက် ပိုမိုများပြား

ဝမ်းတွင်း မတ်၂၉

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်များကို ဖွင့်လှစ်ထားရှိရာ နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်လူရွယ်များအနေဖြင့် သုတရသစာပေများကို ငှားရမ်းဖတ်ရှုလေ့လာလျက်ရှိကြောင်း စာကြည့်တိုက်လက်ထောက်-၃ ဦးတင်လှိုင်ထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ ဟောပြောပွဲများတွင် စာအုပ်စာပေအကြောင်း သိကောင်းစရာများ၊ စာပေဖတ်ရှု့ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူး စသည်များကို ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာပြည်သူ့စာကြည့်တိုက်နှင့် ကျောင်းသား/သူ၊ လူငယ်လူရွယ်များ ရင်းနှီးကျွမ်းဝင်မှုများရှိခဲ့ပြီး နွေရာသီအားလပ်ချိန်များတွင် အသိပညာဗဟုသုတများတိုးပွားစေရန် သုရ/ရသစာပေများကို လာရောက်၍ ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း ဦးတင်လှိုင်(စာကြည့်တိုက်မှူး)က ပြောပြသည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပီး အသိပညာဗဟုသုတများတိုးပွားရေရန် ပြပွဲ၊ ပြိုင်ပွဲများ၊ လူငယ်ရေးရာပွဲများ၊ အသိပညာပေး Talk Show များကို တင်ဆက်ပေးလျက်ရှိပြီး ရွှေလွန်းပျံ Facebook Pageနှင့် Telegram Channel တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)