မိုင်းတုံမြို့၌ ကြက်သွန်ဖြူစံပြကွက် ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှု

မိုင်းတုံ မတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ကွင်းအမှတ် (၁၂)၊ ဦးပိုင်(၂၁) တောင်သူ ဦးစိုင်းနေထွန်း၏  လယ်ယာတွင်  ကြက်သွန်ဖြူစံပြကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မြို့နယ်စိုက်ပျိုး‌ရေးဒုတိယဦးစီးမှူး ဦးလှမင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲရေးဦးစီးမှူး ဦးကိုကို‌မောင်၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းမှု‌ကော်မတီများမှ ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြက်သွန်ဖြူစံပြကွက်ရိတ်သိမ်းခြင်းအား တောင်သူများ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊  မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ နှစ်သီးစားစနစ်ဖြင့် တောင်သူများစိုက်ပျိုးလာစေရေးနှင့် ကြက်သွန်ဖြူထွက်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့်  မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ဝန်ထမ်းများကိုယ်တိုင်ဝင်ရောက် ရိတ်သိမ်းရာကျေးရွာနေ လယ်သမားဦးစိုင်းနေထွန်း၏ ရှေ့တွင် ကြက်သွန်ဖြူ ၁ ဧက ရိတ်သိမ်းခဲ့ရာ အစိုထွက်(၆၀၀၀) ပိဿာရရှိပြီး၊ အ‌ခြောက်ထွက် (၃၅၀၀)ပိဿာ ထွက်နှုန်းအသင့်သားရှိမည်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ လယ်ယာပိုင်ရှင်‌ ဦးစိုင်း‌နေထွန်းက ကျွန်တော်တို့ လယ်သမားအများစုသည် စပါးရိတ်သိမ်းပြီးတာနဲ့ လယ်ကွက်ကိုပြန်လည်ပြုပြင်ပြီး ကြက်သွန်ဖြူကို နှစ်စဉ်စိုက်ပျိုးလေ့ရှိပါတယ်  ယခင်နှစ်ကတော့ ဥချတာ‌သေပါတယ် ဒီနှစ်တော့ ဥကြီးတော့အားရပါတယ်ပိဿာလည်ပိုထွက်ပါတယ်။ ကုန်ဈေးနှုန်းကလည်း အစစအရာမြင့်တော့ ကျွန်တော်တို့လယ်သမားတွေအတွက် သိမ့်မကျန်ပါဘူး အရင်းကတစ်ဧကကို ကျပ်(၅၅၀၀၀၀ဝိ)လောက်ကုန်ထားပါတယ်၊ ပြန်ရမယ့်ငွေကတော့ ကတစ်ဧကကို ကျပ်(၆၆၀၀၀၀ဝိ)လောက်မှန်ထားပါတယ် အခုကျွန်‌တော်  ၄ ဧကစိုက်ထား‌တော့ ပင်ပန်းရကျိုး နပ်လို့အရမ်းဝမ်းသားမိပါတယ်။ နောက်နှစ်တွေမှာလည်း အထွက်များ‌အောင် ဥအလုံးလှတဲ့မျိုးကို ရွေးထားပြီး စိုက်ပျိုးသွားမှာဖြစ်ကြောင်း လယ်သမား ဦးစိုင်း‌နေထွန်းထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)