မိတ္ထီလာ မတ် ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာမြို့နယ် လျှပ်စစ်ရုံးတွင် စာရင်းကိုင်-၄ ကျွမ်းကျင်မှု (၃/၂၀၂၄) သင်တန်း ဖွင့်လှစ်သင်ကြားမှုကို ယမန်နေ့က အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် လျှပ်စစ်ရုံးတွင် စာရင်းကိုင်-၄ ကျွမ်းကျင်မှု (၃/၂၀၂၄) သင်တန်းဖွင့်လှစ် သင်ကြား ရာတွင် မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကိုက သင်တန်းဖွင့်လှစ် သင်ကြားရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းကို ဆက်လက် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ (ဘဏ္ဍာ) ဒေါ်ကြည်ကြည်လေးက ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ၊ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေတို့နှင့်အညီ လက်တွေ့ဆောင်ရွက်ရာတွင် စည်းကမ်းတကျ ဖြစ်စေပြီး လေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများအား စီမံခန့်ခွဲရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း စသည့်တို့ကို သင်ကြားပို့ ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်နှင့် ခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ် လျှပ်စစ်ရုံးများမှ သင်တန်းသား/သင်တန်းသူ (၆၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)