ကျောက်တံတား နိုဝင်ဘာ ၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း များအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၁၈၀)၊ ဦးဝိစာရလမ်း၊ဒဂုံမြို့နယ် Diamond Brothers Co.Ltd မှ နံနက်စာအာဟာရဒါနအဖြစ် ကြာဇံကြော်နှင့် နေ့လယ်စာအတွက် ထမင်းဘူးများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင်နေ့လယ်စာ အဆာပြေအတွက် (၈)ရပ်ကွက် (၃၉)လမ်းရှိ ဒေါ်စန်းဌေးမှ ကြက်ဥ ဘာဂါမုန့် များ လာရောက်လှူဒါန်းပေးကြောင်းသိရသည်။ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ် Community Based Facility Quarantine Center များကို ၃၈လမ်း Plaza အပေါ်ထပ် (၆)လွှာနှင့် (၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများ၊ ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်း လျက်ရှိပြီး ကျောက်တံတားမြို့နယ်တွင် နိုဝင်ဘာလ(၃)ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာ(၃၉၄)ဦးရှိပြီး ပြန်လာသက်သာကောင်းမွန်လာသူ (၁၃၈)ဦးနှင့် သေဆုံးသူ (၂၂)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ